Log in Register

Log in

 

ရန်ကုန်၊ ဇူလိုင် ၁၃- ယခုလဆန်း ၁ ရက်နေ့ကစတင်ပြီး ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေတဲ့ မကွေးအက်ဖ်စီ ကွန်ပျူတာ ဗိုင်းရပ်စ်ကို ရှင်းလင်းနိုင်မယ့် ဆော့ဖ်ဝဲလ်တစ်မျိုး http://okviruscleaner.ning.com မှာ အခမဲ့ ဒေါင်းလုပ်ဒ် (download) ရယူနိုင်ပြီလို့ သိရပါတယ်။ MGY လို့လည်း သိကြတဲ့ Magway FC ဗိုင်းရပ်စ်ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ကတည်းက စင်ကာပူနိုင်ငံမှာ စတင်တွေ့ရှိ ခဲ့ပေမဲ့ တိုက်ခိုက်မှု၊ ထိခိုက်မှု မရှိခဲ့ဘဲ ယခုနှစ် ဇူလိုင် ၁ ရက်နေ့ရောက်မှသာ ကွန်ပျူတာ အများအပြားကို တစ်ပြိုင်နက် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

သည်ဗိုင်းရပ်စ် အကြောင်းကို နိုင်ငံခြားက antivirus ကုမ္ပဏီတစ်ခုဖြစ်တဲ့ prevx.com/filenames/2179818813015117709-X1/MGY.EXE.html မှာ ရှင်းဖို့ ထုတ်ပေးထားပေမဲ့ ဒေါ်လာနဲ့ ဝယ်သုံးရမယ်လို့ သိရတယ်။ ဒါ့အပြင် သာမန် user တွေ အနေနဲ့ လိုက်လုပ်ဖို့ မလွယ်ဘဲ Technician ရဲ့ အကူအညီရမှသာ အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။ ‘အခု အစ်ကိုလုပ်တဲ့ ဖြေရှင်းနည်းက process ရပ်ပြီးတာနဲ့ cleaner ကို run ပေးလိုက်ရုံပဲ၊ ဆယ်မိနစ်လောက်ပဲ ကြာတယ်၊ အဆင့်အများကြီး မလိုဘူး၊ cleaner ကို double click နှိပ်ရုံလုပ်ပေးထားတာပါ’ လို့ အိုကေ ဗိုင်းရပ်စ်ကလင်နာမှ ကိုစိုးမင်းသူက ပြောပါတယ်။

အရင်က MGY ဝင်ရင် ၅ ဖိုင်ဝင်ပြီး mgy.exe.smss.exe, csrss.exe ဖိုင်တွေသာ process အနေနဲ့ အလုပ်လုပ်ပြီး ထင်ရှားတဲ့ effect အနေနဲ့လည်း Magway FC လိုဂိုလေး taskbar ညာဘက်ထောင့်နားမှာ တစ်ခါတစ်ရံမှသာ ပေါ်လာတတ်ပါတယ်။ အခု လဆန်းပိုင်းမှာ တော့ ကျန်ရှိနေတဲ့ isass.exe, icserv.exe ဖိုင်တွေပါ အလုပ်လုပ်လာပြီး ဆိုးကျိုးနဲ့ effect တွေ အလွန်အန္တရာယ် ရှိလာတယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ် ဝင်ရောက်တဲ့အခါ အချိန်မဆွဲဘဲ အမြန်ဆုံး ရှင်းလင်းတာ၊ ကိုယ်တိုင်မလုပ်တတ် ရင် technician တွေနဲ့ ပြသတာတွေ ပြုလုပ်သင့်တယ်လို့ ဆိုကြပါတယ်။ ဗိုင်းရပ်စ် မရှင်းရသေးခင် ဗိုင်းရပ်စ် ဝင်ရောက်ခံနေရတဲ့ ကွန်ပျူတာကို ဖွင့်မထားသင့်ဘဲ ကွန်ပျူတာ ဖွင့်ထားတဲ့ အချိန်ကြာလာတာနဲ့ အမျှ system နဲ့ file တွေ ပျက်စီးမှုပိုများနိုင်တယ်လို့ သိရတယ်လေ။ လက်ရှိ အခြေအနေမှာ ဗိုင်းရပ်စ်နဲ့ virus effect တွေကို ရှင်းလင်းနိုင်ပေမဲ့ ပျက်စီးသွားတဲ့ဖိုင် တွေကို ပြန်လည်ရယူဖို့ မလွယ်ကူ သေးဘူးလို့ သိရပါတယ်။

Ref: Modern Weekly

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top