• ပင်မစာမျက်နှာ
  • နိုင်ငံတကာရေးရာ
  • ပြည်တွင်းသတင်း
  • အနုပညာသတင်းလွှာ
  • ကျန်းမာရေးကဏ္ဍ
  • အားကစားကဏ္ဍ
  • နည်းပညာဆိုင်ရာ
  • စီးပွားရေးနှင့် ငွေကြေး
  • ဖက်ရှင်
  • ပန်းချီနှင့်ကာတွန်းများ
  • ရပ်ဝေးမြန်မာ
    • အမေရိကန်ပြည်ထောင်စု
  • ချက်နည်းပြုတ်နည်း

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

အောင်မြင်ကျော်ကြား အနုပညာရှင်များရဲ့ လျှို့ဝှက်စကား “နေမျိုးအောင်”

Sunday, 27 March 2011 19:00 | Print E-mail

မေး - သူငယ်ချင်းတွေကပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - နေကြီးလို့ ပေးထားတယ်။ နေမျိုးအောင်ကို အတိုကောက်နာမည် ခေါ်တာပေါ့။ တစ်ခါတလေကျရင်လည်း မျိုးကြီးလို့လည်း ခေါ်တယ်။

မေး - ကိုယ်ချစ်တဲ့တိရစ္ဆာန်လေးတွေကို ပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - ခွေးမလေးတစ်ကောင် ရှိတယ်။ သူငယ်ချင်း ပေးထားတာ။ ခွေးလေးနာမည်က ‘ကာကီမ’တဲ့။

မေး - လျှို့ဝှက်ထားတဲ့ အမူအကျင့်
ဖြေ - ကျွန်တော်ကတော့ ရှင်းရှင်းပြောတတ်တယ်။ အားနာတတ်တယ်။ သူငယ်ချင်းတွေ လာရင်တောင် လိုအပ်တဲ့ စကားလောက်ပဲ ပြောဖြစ်တယ်။

မေး - လျှို့ဝှက်ထားတဲ့ ငယ်ငယ်က ဖြစ်ရပ်
ဖြေ - ငယ်ငယ်တုန်းက ကျောင်းတက်တော့ ပိုက်လုံးပေါ်က ပြုတ်ကျပြီး ခြေသလုံး ကွဲသွားတာ အခုထိသေရာပါတဲ့ ဒဏ်ရာတစ်ခုပဲ။

မေး - လျှို့ဝှက်ထားတဲ့ မိသားစုနဲ့ ပတ်သက်တဲ့ဆန္ဒ
ဖြေ - မိသားစုအပေါ်မှာ အရမ်းချစ်တော့ တစ်ခါတလေကျရင် ကိုယ်က မပြောသင့်တဲ့ အရာတွေကို မြိုသိပ်ပြီး သိမ်းထားတတ်တဲ့ အကျင့် ရှိတယ်။

မေး - လျှို့ဝှက်ထားတဲ့ မကောင်းတဲ့အမူအကျင့်
ဖြေ - မိန်းမအပေါ်မှာ အရမ်းချစ်ပြီး သဝန်တိုတတ်တယ်။

မေး - မိုက်မိုက်မဲမဲ လုပ်ဖြစ်ချင်တဲ့ လျှို့ဝှက်ဆန္ဒ
ဖြေ - အိုက်တင်ကို သတိလက်လွတ် မေ့သွားတဲ့အထိ လုပ်ခဲ့ဖူးတယ်။ ဇာတ်အရှိန် မြင့်လာရင် အိုက်တင်ကို မိုက်မိုက်မဲမဲ လုပ်ပစ်ချင်တယ်။

မေး - လျှို့ဝှက်ထားတဲ့ ချစ်တဲ့သူနဲ့ပတ်သက်တဲ့ဆန္ဒ
ဖြေ - ကျွန်တော့် အမျိုးသမီး၊ သား၊ သမီးတွေကို အမြဲတမ်း စိတ်ချမ်းသာစေချင်တယ်။

မေး - လျှို့ဝှက်ထားတဲ့ လတ်တလောဖြစ်ရပ်တစ်ခု
ဖြေ - မပြောပြဘူး။ သိမ်းထားတယ်။

မေး - လျှို့ဝှက်ထားတဲ့ အမုန်းဆုံးအရာ
ဖြေ - ဇာတ်ဝင်ခန်းတစ်ခန်းမှာ ကိုယ်ကတော့ အိုက်တင်လုပ်လိုက်တာကို ဒါရိုက်တာ ကတော့ ရတယ်လို့ပြောတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ မရဘူးလို့ထင်ပြီး ကြိတ်ခံစားရတဲ့ဟာမျိုး။

မေး - လျှို့ဝှက်ထားတဲ့ အကြောက်ဆုံးအရာ
ဖြေ - ခွေးကတော့ အရမ်းကြောက်တယ်။ ကိုက်တဲ့ခွေးမျိုး။

မေး - လျှို့ဝှက်ထားတဲ့ လွမ်းဆွတ်မိတဲ့ အတိတ်
ဖြေ - မိန်းမနဲ့ ရည်းစားစဖြစ်တဲ့အချိန်။ စာပေဟောပြောပွဲမှာ နှစ်ယောက်ဆုံကြတဲ့ အချိန်။

မေး - လျှို့ဝှက်ထားတဲ့ အနေချင်ဆုံးဘဝ
ဖြေ - ကျွန်တော့် မိသားစုဘဝလေး တည်တံ့ခိုင်မြဲတဲ့ ဘဝလေးတစ်ခုနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာတဲ့ ပြီးပြည့်စုံတဲ့ ဘဝလေးဖြစ်ချင်တယ်။

မေး - လျှို့ဝှက်ထားတဲ့ ပရိသတ်ကို ဖြစ်စေချင်တဲ့စကား
ဖြေ - နေမျိုးအောင်ရဲ့ အနုပညာတွေကို ကောင်းတဲ့ ဇာတ်ကား၊ ဇာတ်လမ်းတွေနဲ့ ပရိသတ်အတွက် အမြဲတမ်း ရိုက်ကူးနေပါတယ်။

Ref : 8 Days

 

Copyright © 2009 MyanmarNewsZone.com.
All Rights Reserved.