ချစ်စရာ Korea Style Fancy ဆံပင်ပုံစံပြုလုပ်ခြင်း
Written by ဂျူလိုင်မိုး
အခုခေတ်မှာ ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတိုင်းလိုလိုက Korea Hair Style တွေကို ပြုလုပ်လာကြတာ တွေ့ရတာမို့ ချစ်စရာကောင်တဲ့ Korea Style Fancy ဆံပင်ပုံစံပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
ပထမဆုံး ဆံပင်ကို စည်းခွဲပြီး ကျန်ဆံပင်ကို ဦးခေါင်းရဲ့ နောက်စေ့အထက်နားမှာ ပိုနီတေးလေးစည်းလိုက်ပါ။
ညာဘက်ဘေးမှာရှိတဲ့ ဆံပင်ကို နှစ်ချောင်းကျစ် ကျစ်ဆံမြီးကျစ်ပြီး ခုနက ပိုနီတေးစည်းထားတဲ့ ဆံပင်ရဲ့ စုချန်ထားတဲ့ နေရာမှာ ကျန်တဲ့ဆံပင်အဖျားလေးတွေကို ရစ်ပတ်ပြီး ညှပ်ကလစ်လေးနဲ့ ထိန်းထားပါ။ 

ဘယ်ဘက်မှာ ကျန်နေသေးတဲ့ ဆံပင်ကိုတော့ တစ်လွှာချင်းယူပြီး အမြောင်းလိုက် အလိပ်လေးတွေဖြစ်အောင် ယူရပါမယ်။ အဖျားပိုင်းရောက်တဲ့အခါ အနည်းငယ်လိမ်းပြီး ကျန်တဲ့ဆံပင်အဖျားပိုင်းကို ပိုနီတေးစည်းထားတဲ့နေရာမှာပဲ ရစ်ပတ်လိုက်ပါ။
ဒီနည်းအတိုင်း ညာဘက်မှာရှိတဲ့ ဆံပင်ကို အမြှောင်းလေးဖြစ်အောင်ယူပြီး တစ်ဆင့်ချင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကိုယ်ပြုလုပ်ထားတဲ့ Hair Style လေး ပိုပြီး သပ်ရပ်လှပစေဖို့အတွက် Spray အနည်းငယ်ဖျန်းပေးရမှာ ဖြစ်တယ်။ ဒါမှသာ ဆံပင်က သပ်ရပ်ပြီးခိုင်ခံ့မှာ ဖြစ်ပါတယ်။
ဒီဆံပင်ပုံစံလေးက ပြုလုပ်ရတာ လွယ်ကူတာမို့ Shopping သွားရမှာပဲဖြစ်ဖြစ် ညပွဲမွေးနေ့ Dinner ပဲဖြစ်ဖြစ် သင့်တော်စေပါတယ်။
Ref : Good Health
