Log in Register

Log in

အနုပညာသတင်းလွှာ

အသက် ၁၃ နှစ်အရွယ်နှင့် အနုပညာလောကတွင် ဈေးကွက်ဝင်မင်းသမီး တစ်လက်အဖြစ် ရပ်တည်လာနိုင်သော ရွှေမှုံရတီက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်တဲ့ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ပေမယ့် စင်တင်ပေးတဲ့ပျိုးခင်းက စူပါမင်းသားငါးဦးနှင့် တွဲဖက်ရိုက်ကူးရတာကြောင့် ဈေးကွက်ထဲမှာ လျင်လျင်မြန်မြန်နဲ့ မင်းသမီးဖြစ်လာသူပါ။
စူပါမင်းသားတွေတင်ပေးတိုင်း အရည်အချင်းမရှိရင်လည်း ရပ်တည်လို့မရတဲ့ ရုပ်ရှင်၊ ဗီဒီယိုဈေးကွက်မှာ ရွှေမှုံရတီရယ်လို့ တစ်စထက်တစ်စ နာမည်ရလာချိန်မှာပဲ နေတိုးနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “မျက်လုံးကလေးကလယ်ကလယ်” ဇာတ်ကားပါဇာတ်ဝင်ခန်းကြောင့် ပရိသတ်စိတ်ဝင်စားမှု ရလာခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ရွှေမှုံရတီ သရုပ်ဆောင်ရတာက
သာမန်ကလေးထိန်း အမျိုးသမီးတစ်ဦးပေမယ့် ပါဝင်တဲ့ ဇာတ်ဝင်ခန်း တချို့ကြောင့် လတ်တလောမှာ လှုပ်လှုပ်ရှားရှားနဲ့ အငြင်းပွားစရာတွေဖြစ်နေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ရွှေမှုံရတီက “မျက်လုံးကလေး ကလယ်ကလယ်” ဇာတ်ကားနဲ့ပတ်သက်လို့ ပြောကြားထားတဲ့ စကားသံတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

Read more...

အေးသူစံ၊ ဇွဲဉာဏ်

ဇလွန်ပြည်တော်ပြန်ဘုရားပွဲတွင် စွမ်းဇာနည် ကပြစဉ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၌ ပါဝင်သူများအား ရုန်းရင်းဆန်ခတ်မှုဖြစ်သောကြောင့် ရဲတပ်ဖွဲ့က ယခုအချိန်အထိ အမှုဖွင့်ထားဆဲဖြစ်ကြောင်း ဇလွန်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more...

ပြည်တွင်းဧည့်လမ်းညွှန်မလေးကနေ နိုင်ငံတကာအဆင့်အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့သူက နန်းခင်ဇေယျာပါ။ အင်တာနက်သုံးစွဲသူ တစ်ခဲနက်အားပေးမှုကြောင့် ဂျပန်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ ၎င်းဟာ ဆုနှစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ရယူထားတဲ့ဆုတွေနဲ့ထိုက်တန်တဲ့လှုပ်ရှားမှုတွေကို ပြည်တွင်းမှာ စဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး အထူးသဖြင့် လူမှုရေးလုပ်ငန်းတွေမှာ သူမရဲ့ပါဝင်လှုပ်ရှားမှုတွေကြောင့် လူထုရဲ့ချစ်ခင်မှုကို တစ်စတစ်စရရှိနေပါပြီ။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ လူမှုရေးလှုပ်ရှားသူတစ်ဦးအဖြစ် သူတို့နိုင်ငံတွေက လူမှုရေးလုပ်ငန်းတွေမှာ လာရောက်လေ့လာပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုတွေကိုလည်း ဆက်တိုက်ရရှိနေပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာမှ ကမ္ဘာ့အလယ်မှာ မြန်မာအလှမယ်တစ်ဦးအဖြစ် ထင်ပေါ်ခဲ့သူ နန်းခင်ဇေယျာရဲ့ လှုပ်ရှားမှုအထွေထွေကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

Read more...

ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ရှိ မီဒီယာကော်နာကို မေ ၄ ရက် နံနက်ပိုင်းမှ စတင်ဖျက်သိမ်းနေကြောင်းသတင်းရရှိသည်။

ယခုကဲ့သို့ မီဒီယာကော်နာများ ဖျက်သိမ်းမှုမှာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း၊ မီဒီယာကော်နာများ ဖွင့်လှစ်ခဲ့သည့်ကိစ္စကို ထိုစဉ်ကမြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ပြန်ကြားရေးဝန်ကြီးထံ တင်ပြလာခြင်းကို ၀န်ကြီးက ခွင့်ပြုပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ပြောသည်။

Read more...

“နေထွက်သောည”၊ “တစ်ခါကတစ်ဘ၀”၊ “သင်္ကြန်မိုး”၊ “တိုက်ပွဲခေါ်သံ”၊“နှလုံးလှလူမိုက်” စတဲ့ ဇာတ်ကားကောင်းများ ရိုက်ကူးခဲ့ခြင်းကြောင့် အကောင်းဆုံးဒါရိုက်တာဆုငါးကြိမ်တိုင်တိုင်ရထားတဲ့ ဒါရိုက်တာမောင်တင်ဦးဟာ ရုပ်ရှင်ရွှေခေတ်လွန်ကာလများမှာ နာမည်ကြီးဒါရိုက်တာတစ်ဦးအဖြစ် ထင်ရှားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ပွဲတော်နီးတိုင်း လွင့်ပျံ့လာတဲ့ သင်္ကြန်တေးသံတွေနဲ့ သင်္ကြန်ဇာတ်ကားတွေ ကြားထဲမှာခုထိ သရဖူဆောင်းထားနိုင်ဆဲ “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်ဝင်သီချင်းတွေကို တွဲစပ်ဖန်တီးရိုက်ကူးခဲ့သူအဖြစ် ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ တက်သစ်စ သရုပ်ဆောင်ပေါင်းများစွာကို အကယ်ဒမီရွှေစင်ရုပ်ဆု ပိုင်ဆိုင်နိုင်အောင် အနုပညာအစွမ်းထက်လွန်းလို့ ရုပ်ရှင်လောကမှာ တစ်ချိန်က ဆရာတစ်ဆူအဖြစ် တပည့်တပန်း ပေါများခဲ့သူပါ။ ဒါရိုက်တာမောင်တင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။

Read more...

Page 1 of 291

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top